မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ထွန်စက်ကြီးများကို ပိုမိုအသုံးပြု

မြစ်သား သြဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများသည် ယခုနှစ် မိုးရာသီကာလမိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးချိန်တွင် လယ်ယာမြေများထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းကို ယခင်နှစ်များထက် လယ်ထွန်စက်ကြီးငှားရန်းအသုံးပြုသူများ ပိုမိုများပြားလာကြောင်း ကွင်းအမှတ်(၄၅၈) မြစ်ဆုံလေးကွင်းရှိ တောင်သူဦးဇော်နိုင်ထံမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာနနှင့် ပုဂ္ဂလိကပိုင်လယ်ထွန်စက်ကြီးများကို ငှားရမ်းအသုံးပြုထွန်ယက်ကြပြီး ထွန်စက်အသုံးပြုခတစ်ဧက ကျပ်၆၀၀၀၀/-မှ ကျပ်၆၅၀၀၀/- ကြားရှိကြောင်း သိရသည်။ မြစ်သားမြို့နယ်အတွင်း မိုးရာသီစိုက်ပျိုးမည့် လယ်မြေဧက(၇၂၅၁၁)ကျော်နှင့်ယာမြေဧက(၆၃၅၈၅)ခန့်ရှိပြီး ဒေသစိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲတီစိမ်း၊ ငရုတ်၊ ကြက်သွန်နီနှင့်ပြောင်းဖူးစသည့် သီးနှံများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။ မြစ်သားမြို့နယ်တွင် မြစ်ချောင်း၊ စိမ့်စမ်းရေးနှင့် ဆည်ရေသောက်ရရှိခြင်းတို့ကြောင့် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သောတောင်သူများသည် လယ်ထွန်စက်များကို ပိုမိုအသုံးပြုလာခြင်းကြောင့် စီးပွားရေး   အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)