ဘိုကလေး ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ယနေ့နံနက်(၅)နာရီအချိန်၌ဘိုကလေးပညာရေးဒီဂရီကောလိပ်မှဝန်ထမ်းများ၊ သင်တန်း သား၊ သင်တန်းသူများစုပေါင်း၍ မြို့နယ်တွင်းရှိ သံဃာကျောင်းတိုက်ပေါင်း (၅၃)ကျောင်းမှ ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများအား အာရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။
အာရုဏ်ဆွမ်းလောင်းလှူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းတက်ရောက်၍ ပညာရေးဒီဂရီကောလိပ်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ကုသိုလ်တော်ပြု အရုဏ်ဆွမ်းလောင်းလှူခြင်း၊ မြို့နယ်တွင်းရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းပဒေသာ၊ ဆေးပဒေသာ အလှူတော်ငွေများအား မြို့မဆွမ်းလောင်းအသင်း၊ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခြင်းတို့ဆောင်ရွက်ခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ဘိုကလေးမြို့နယ်၊ ဇေယျမေဒနီကျောင်းတိုက် ဆရာတော်ကြီးထံမှ ရေစက်သွန်းချ အနုမောဓနာတရား နာကြားခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)