အိမ်မဲမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

အိမ်မဲ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝဲကြီးကူကျေးရွာအုပ်စုတွင် ပန်းခင်စီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ဝဲကြီးကူကျေးရွာအုပ်စုမှ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးခဲ့ပြီး၊ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း၊ သန်းခေါင်စာရင်းလက်ကမ်းများဖြန့်ဝေခြင်း၊ ပိုစတာကပ်ခြင်း၊ နိုင်အပေါက်ဖာခြင်း စသည်တို့ကိုဆောင်ရွက်ပေးခဲ့သည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)