ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ကန့်ဘလူ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ဩဂုတ် ၅ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက အခမဲ့ဆောင်ရွက်ပေးသည်။

ကျန်းမာရေးစောင့်ရှောက်မှုများအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဝမ်းဗိုက်စမ်းသပ်စစ်ဆေး၍ သန္ဓေသားအနေအထား မှန်ကန်မှု ရှိ/မရှိစစ် ဆေးခြင်း၊ ပြုပြင်ပေးခြင်း၊ HIV ၊ ဆစ်ဖလစ်ရောဂါ ရှိ/မရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ လက်ရှိရော ဂါဝေဒနာ ရှိ/မရှိ မေးမြန်းပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)