ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ပဲခူးမြို့နယ် မယင်းကျေးရွာနေပြည်သူများအား ဟင်းလျာများချက်ပြုတ်လှူဒါန်း

ပဲခူး ဩဂုတ်

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မယင်းကျေးရွာနေပြည်သူများအား နေ့လယ်စာအတွက် ဟင်းလျာများ ချက်ပြုတ်လှူဒါန်းပေးကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးရာသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက လာရောက်ကြည့်ရှုအားပေးကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ကလေးများအား အာဟာရမုန့်မျိုးစုံ လှူဒါန်းပေးဝေကာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်နှင့်အဖွဲ့ဝင်များက  မယင်းကျေးရွာနေပြည်သူများအား ဟင်းလျာများ ပေးဝေလှူဒါန်းကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)