ကျုံပျော် ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် လူနေအိမ် ၂၀၅ လုံးနှင့် တောင်သူများ၏ သီးနှံစိုက်ဧက ၃၄၀၀၀ ကျော် ရေဝင်နစ်မြုပ်လျှက်ရှိကြောင်း သိရသည်။
ဒါးကချောင်းရေ မြင့်တက်လာမှုကြောင့် ပင်လုံရပ်ကွက်မှ လူနေအိမ် ၈၁ လုံး၊ အင်းရဲကျွန်းအုပ်စုရှိ ကျွန်းအင်းရွာမှ နေအိမ် ၄၉ လုံး၊ အုန်းတောစုရွာမှ နေအိမ် ၂ လုံးနှင့် စာဖြူစုကျေးရွာမှ နေအိမ် ၄၂ လုံး ၊ အိုင်ဒေါင့်ရွာမှ ၁ လုံး၊ သင်္ဃန်းချောင်းရွာမှ ၁ လုံးနှင့် သံလျှက်စွန်းကျေးရွာမှ ၂၉ လုံး ၊စုစုပေါင်း လူနေအိမ် ၂၀၅ လုံး တို့တွင် နေထိုင်သော ပြည်သူ ၈၀၁ ဦးတို့မှာ နေအိမ်အတွင်း ရေများ ဝင်ရောက်လျှက်ရှိသောကြောင့် ရေဘေးလွတ်ရာ နေရာများတွင် သွားရောက် နေထိုင်လျှက်ရှိပြီး၊ စာသင်ကျောင်း ၁၇ ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။
ယခုရက်များအတွင်း မိုးရွာသွန်းမှု များပြီး ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် ဩဂုတ်လ ၄ ရက်နေ့အထိ တောင်သူပေါင်း ၇၀၈၉ ဦးတို့၏ မိုးစပါး၊ ပီလောပီနံ၊ ငှက်ပျော၊ နနွင်း၊ စားကြံ၊ ပြောင်းဖူးနှင့် ပိန်းဥစိုက်ခင်း စုစုပေါင်း ၃၄၃၇၀ ဧက ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)