ဘိုကလေး ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်များပါဝင်သည့် နယ်လှည့်ဆေးကုသအဖွဲ့သည် ယနေ့နံနက် (၈) နာရီ အချိန်မှ စတင်ကာ ဘိုကလေးမြို့၊ စက်ဆန်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာသို့ စက်ဆန်းကျေးရွာအုပ်စုနှင့် ၎င်းကျေးရွာ ပတ်ဝန်းကျင်မှ ကျေးရွာအုပ်စုများဖြစ်ကြသော ထော်ပိုင်ကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း (၃၀) ခန့်မှ ဒေသခံများ လာရောက်ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ကြပြီး နယ်လှည့်ဆေးကုသအဖွဲ့မှ ဒေသခံများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ Ultrasound ရိုက်ပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများ၊ သားဖွားနှင့်မီးယပ်ရောဂါများ၊ အရိုးအကြောရောဂါများ၊ အထွေထွေရောဂါများ ကုသဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)