ပုသိမ်ကြီး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အ.ထ.က ပုသိမ်ကြီး၌ ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသည် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုစသည့်အကြောင်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ ပေးအပ်ထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး Hydraulic Rescue Tools ပစ္စည်းများအသုံးပြုပုံ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ စသည်တို့အားကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များ၊ ပုသိမ်ကြီး အ.ထ.ကမှ ကျောင်းအုပ်ကြီး ဦးမျိုးဇော်ခိုင်၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)