စဉ့်ကိုင် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာ မျိုးသန္တာကျော်က ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်ပတ်သတ်၍ အသိပညာပေး ဟောပြောရာတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူ/မရှိသူများအကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ/မရှိသူများအကြောင်းစသည့် အကြောင်းအရာများကို အကျယ်တဝံ့ ရှင်းလင်းပြောဟောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာ မျိုးသန္တာကျော်မှ ပြန်လည်ဖြည့်စွက် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)