ရှမ်းရွာသစ် ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးနှင့် မူလတန်းပြဆရာမ ဒေါ်သင်းသင်းမော်တို့က သဘာဝဘေးအန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင်ဆက်စပ်မှု အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လာပါက လိုက်နာရမည့်အချက်များ၊ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ သစ်တောများနှင့် ပလက်စတစ်သုံးစွဲမှုဆိုင်ရာ သိကောင်းရာများကို စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)