ငါန်းဇွန်မြို့နယ်၌ စက်သုံးဆီဆိုင်များတွင် ဆီလုံလောက်စွာ ရောင်းချပေးနိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငါန်းဇွန် ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာ ရောင်းချပေးနိုင်ခြင်း ရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့်၊ လ/ထအင်ဂျင်နီယာ ဦးမောင်မောင်ကျော် (မြို့နယ်စည်ပင်သာယာရေးအဖွဲ့)၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေ (စားသုံးသူရေးရာဦးစီးဌာန)တို့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာရောင်းချပေးနိုင်ခြင်း ရှိ/မရှိ၊ စက်သုံးဆီလက်ကျန် ကျန်ရှိမှုအခြေအနေစစ်ဆေးခြင်း၊ ပြင်ပတွင် ပြန်လည်ရောင်းချရန်အလို့ငှာ အကြိမ်ကြိမ်လာရောက် တန်းစီဝယ်ယူမှုများ မရှိစေရေးနှင့် တရားမဝင်သိုလှောင်၍ ပြန်လည်ရောင်းချမှုများ မရှိစေရေးတို့အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်များအား သတိပေးရှင်းလင်းဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ငါန်းဇွန်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပုံးများဖြင့် ရောင်းချခြင်းမပြုဘဲ ဆိုင်ကယ်/ကားများ၏ လိုအပ်ချက်ကို ထိန်း၍ ရောင်းချပေးရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)