သရက်ချောင်း ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အတွင်း အသက်(၁၀)နှစ်အထက်ရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ရေးနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အသက်အရွယ်အကျုံးဝင်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေးကြိုတင်ပြင်ဆင်ရေးအတွက် မြို့နယ်ဓာတ်ခွဲခန်းတွင် သွေးအမျိုးအစားခွဲခြား သိရှိနိုင်ရန် စစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင် ၍ ဆရာ/ဆရာမများက မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ပေါင်အလေးချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကလေးသူငယ်များ ခန္ခာကိုယ်ဖွံ့ဖြိုးရန်အတွက် ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေးခြင်းနှင့် ၁၀ နှစ်အထက် ကျောင်းသား/သူများအား သွေးအမျိုးအစား စစ်ဆေး ပေးခြင်းများဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမိုးထွေးနှင့်အဖွဲ့ဝင်များက လိုအပ်သည်ကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)