ရှမ်းရွာသစ်မြို့တွင် စားဖိုဆောင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ်  ဩဂုတ်  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မိုးရာသီကာလရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီ စာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြောင်း သိရသည်။

စားဖိုဆောင်သီးနှံပင်များကို မိမိတို့၏ အိမ်ခြံမြေများနှင့် တောင်ယာများတွင် မိုးစတင်ရွာသွန်းသည့် အချိန်တွင် တောင်ယာငရုပ်၊ တောင်ယာပဲသီး၊ တောင်ယာခရမ်းသီး၊ ကန်စွန်း၊ ချဉ်ပေါင်၊ သခွား၊ ရုန်းပတီပင်များကို သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့် အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် ဒေသနေပြည်သူများ အများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြသည့် သီးနှံများဖြစ်ကြောင်း၊ အဆိုပါသီးနှံများစိုက်ပျိုးသည့်အချိန်တွင် တောင်သူများအား ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံများရရှိရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း နည်းပပညာပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားဖိုဆောင်သီးနှံများရောင်းချ သည့်ဒေသနေပြည်သူများအနေဖြင့် တစ်ရက်လျှင်ငွေကျပ်(၅၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိ ရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး မိုးရာသီကာလတွင် စားဖိုဆောင်သီးနှံများစိုက်ပျိုးသည့်လုပ်ငန်း၊ ဉယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)