ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရ​တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မရမ်းကုန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စိန်ပန်းမြိုင်ခန်းမ၌ မရမ်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်တားဆီး‌ရေးအသိပညာပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း‌ ခွေးရူးရောဂါကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ကျူချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ် သကံဝကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စုရှိ တယ်ပင်(၂)ကျေးရွာတွင် ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ရွာအလယ်တွင် ဆောက်လုပ်ထားသော ပိုင်ရှင်ဦးခင်မောင်ဝင်း၏ အလျား(၂၇)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်ပေါ်သို့ နေအိမ်ဘေးမှ လုံးပတ်(၈)ပေ၊ အရှည်(၁၆)ပေရှိသော ကုက္ကိုပင်လဲကျခဲ့ပြီး နေအိမ်ပြိုကျပျက်စီးခဲ့သည်။

ဒေးဒရဲမြို့၌ လူငယ်ရေးရာ အားကစားအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှထူးချွန်ထက်မြတ် သော အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်သူများ အစားအစာဘေးကင်းလုံခြုံရေးရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၁)နာရီခွဲက လေးအိမ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ရာ ပွဲတော်ကျင်းပရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။

ခရမ်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ သွင်းအားစုပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် သမဝါယမအသင်းသားတောင်သူများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ သွင်းအားစုပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ခရမ်းမြို့နယ်၊ သမဝါယမဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊

အလုံမြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီခွဲက  အလုံမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်၌ (၂၀၂၃-၂၀၂၄)နှင့်(၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး​​ ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီး ဘော်လီ​ဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ရာ အား​ကစား​ခေါင်း​ဆောင်နှင့် ပြိုင်ပွဲဝင်အားကစားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ဖွင့်လှစ်​ပေးခဲ့သည်။
Subscribe to