ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင်(၂)ကျေးရွာတွင် ယမန်နေ့က လေပြင်းတိုက်ခတ်သဖြင့် အဆိုပါကျေးရွာနေ ဦးခင်မောင်ဝင်း၏ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်အား အိမ်ဘေးရှိ လုံးပတ်(၈)ပေ၊ အရှည်(၁၆)ပေရှိသော ကုက္ကိုလ်ပင် လဲကျ၍ အိမ်ပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ပြိုခဲ့သည့် အိမ်ထောင်စုအတွက် ယမန်နေ့ နေ့လယ်(၃)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုဆောင်ရွက်ခဲ့သည်။