ကျိုက်ထိုမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်တားဆီး‌ရေးအသိပညာပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေး

ကျိုက်ထို ဇူလိုင် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း‌ ခွေးရူးရောဂါကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ကျူချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဖြိုးဝင့်ကိုက ခွေးရူးရောဂါကူးစက်ခံရနိုင်သည့် အ‌ကြောင်းရင်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှုနှင့် အိမ်မွေးတိရစ္ဆာန်များ၏အန္တရာယ်၊ လူတွင်ဖြစ်ပေါ်နေသည့် ခွေးရူးပြန်လက္ခဏာများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁)ဦးထွန်းညီညီမှ ခွေးရူးရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာအတွင်းရှိ အိမ်မွေးခွေးကောင်ရေ(၅၃)ကောင်အား အိမ်တိုင်ရာ‌ရောက်သွားရောက်ကာ ခွေးရူးရောဂါကာကွယ်ဆေးအား လိုက်လံထိုးနှံပေးခဲ့‌ပြီး‌ ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထို ပြန်/ဆက်