ရွှေဘိုတက္ကသိုလ်၌ (၂၀၂၃-၂၀၂၄)နှင့်(၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး​​ ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကျင်းပ

ရွှေဘို ဇူလိုင် ၂၃

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီး ဘော်လီ​ဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ရာ အား​ကစား​ခေါင်း​ဆောင်နှင့် ပြိုင်ပွဲဝင်အားကစားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ဖွင့်လှစ်​ပေးခဲ့သည်။

အခမ်းအနားတွင် ​ဒုတိယပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာတင်တင်ရီက ကျောင်းသား​မောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေ​ပျော်၍ စာ​တော်​သောလူငယ်​လေးများဖြစ်​အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်ပြီး ပူး​ပေါင်းပါဝင်သည့် အ​လေ့အထ​ကောင်းရရှိ​စေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုများရရှိကာ ချစ်ခင်ရင်းနှီးလာမှာဖြစ်ကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာဖြစ်ကြောင်း၊ ဥာဏ်ပညာထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ​ပေါ်ထွက်​စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ် ကျင်းပ​ပေးသွားမည်ဖြစ်ပြီး​ကြောင်း ​ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသားအသင်း(၆)သင်း အမျိုးသမီးအသင်း(၆)သင်း ပါဝင်ကစားမည်ဖြစ်ပြီး ဖွင့်ပွဲတွင် အမျိုးသား​ဘူမိ​ဗေဒအသင်းနှင့်ဓါတု​ဗေဒအသင်းတို့ ယှဥ်ပြိုင်ကစားရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကြက်​ခြေနီအဖွဲ့ဝင်များ၊ ဒုတိယပါ​မောက္ခချုပ်ဆရာမကြီးများ၊ ဌာနမှူး(ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တက်ရောက်အား​ပေးခဲ့ကြကြောင်း သိရသည်။

အေးမြင့်စန်း