မရမ်းကုန်း ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စိန်ပန်းမြိုင်ခန်းမ၌ မရမ်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂) ဦးရဲဝင်းအောင်မှ အဖွင့်အမှာစကားနှင့် ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရဲမင်းအောင်က ဝမ်းရောဂါအကြောင်း အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ချစ်မှ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးမင်းသန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများကို ဝူရှူးအဖွဲ့၊ Fitness Dance အဖွဲ့များမှ ဧည့်ခံဖျော်ဖြေခဲ့ပြီး သရုပ်ပြအဖွဲ့အား ဂုဏ်ပြုငွေများချီးမြှင့်ခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)