ဘိုကလေး ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စုရှိ တယ်ပင်(၂)ကျေးရွာတွင် ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ရွာအလယ်တွင် ဆောက်လုပ်ထားသော ပိုင်ရှင်ဦးခင်မောင်ဝင်း၏ အလျား(၂၇)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်ပေါ်သို့ နေအိမ်ဘေးမှ လုံးပတ်(၈)ပေ၊ အရှည်(၁၆)ပေရှိသော ကုက္ကိုပင်လဲကျခဲ့ပြီး နေအိမ်ပြိုကျပျက်စီးခဲ့သည်။
ဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိပဲ ထိုနေအိမ်ရှိ မိသားစုဝင်များအား တာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထားပေးခဲ့ကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်လည်း ပြိုကျပျက်စီးနေအိမ်အတွက် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လဲကျခဲ့သောကုက္ကိုပင်ကိုလည်း မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)