ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းများဆောင်ရွက်

ဘီးလင်း ဇူလိုင် ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရ​တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်  ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးရုံအုပ်ကြီးဒေါက်တာမျိုးမင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသပေးခြင်းနှင့်လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာများမှ အလှည့်ကျအာဟာရတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်တွင် လစဥ်ပင်စင်လာရောက်ထုတ်ယူသူ(၂၁၃၈)ဦးရှိရာ ယနေ့အထိပင်စင်လာရောက်ထုတ်ယူသူ(၅၂၄)ဦးဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့အထိ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်  (ပြန်/ဆက်)