ခရမ်း ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် သမဝါယမအသင်းသားတောင်သူများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ သွင်းအားစုပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ခရမ်းမြို့နယ်၊ သမဝါယမဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဦးဝင်းဇော်မှ ဘဏ်ချေးငွေ၊ ဆပ်ငွေကိစ္စများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ခရမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် မိုးစပါးကို မြို့နယ်သမဝါယမအသင်းစုမှ အသင်း(၁)သင်း၊ ရွှေမေအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမီတက်မှ ကျေးရွာ(၃)ရွာရှိ အသင်းသား(၁၅၀)ဦးအတွက် ဧက(၂၀၀၀)၊ တန်ဖိုးငွေ သိန်း(၄၀၀၀)နှင့်ညီမျှသော သွင်းအားစုကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ရဲနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်တို့က အသင်းသားများ လက်ဝယ်အရာက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပေးအပ်ခြင်းဖြင့် သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းသားများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်နှင့် ဝင်ငွေတိုးပွားလာစေရန်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်၊၊
ခရမ်း (ပြန်/ဆက်)