ပေါင်းတည်မြို့နယ် အ.ထ.က(မင်းကွက်)၌ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)၌ ယနေ့နေ့လယ် ၁ နာရီက မြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ ဆန်များ သင့်တင့်မျှတသော‌ဈေးနှုန်းဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ Super Market, Mini Market များအပါအဝင် ဆန်အရောင်းဆိုင်များ၌ ဆန်များသင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့မွန်းလွဲပိုင်းက လိုက်လံကွင်းဆင်းစစ်‌ဆေးခဲ့ကြကြောင်း သိရသည်။

ဟားခါးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်းလျန်ဆုမ်း၊ ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကုန်ထုတ်ဓာတုဗေဒဌာနဘာသာရပ်ဆိုင်ရာဟောပြောပွဲ (Food Safety for Human Health) အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနဘာသာရပ်ဆိုင်ရာဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

ဘိုကလေးမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင်(၂)ကျေးရွာတွင် ယမန်နေ့က လေပြင်းတိုက်ခတ်သဖြင့် အဆိုပါကျေးရွာနေ ဦးခင်မောင်ဝင်း၏ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်အား အိမ်ဘေးရှိ လုံးပတ်(၈)ပေ၊ အရှည်(၁၆)ပေရှိသော ကုက္ကိုလ်ပင် လဲကျ၍ အိမ်ပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ပြိုခဲ့သည့် အိမ်ထောင်စုအတွက် ယမန်နေ့ နေ့လယ်(၃)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုဆောင်ရွက်ခဲ့သည်။

ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဲးဌာနမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့(အ.ထ.က)ကန်သာယာကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့( အ.ထ.က) ကန်သာယာကျောင်း၌  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့၊ တောင်ဝှေးထောက်ကျေးရွာတွင် သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်(၃)လုံးပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ သရက်ချောင်းအုပ်စု၊ တောင်ဝှေးထောက်ကျေးရွာတွင် ယမန်နေ့ညနေ(၂)နာရီ အချိန်ကရေကြီးမှုကြောင့် မြေသားနူးကာလုံးပတ် (၂၁)ပေခန့်ရှိ ကုက္ကိုလ်ပင်ပြိုလဲကျမှုကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
Subscribe to