အလုံမြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ ဇူလိုင် ၂၃

အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီခွဲက  အလုံမြို့နယ်အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ‌ဦးစီးအရာရှိ(မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)နှင့် ပြည်သူ့ကျန်းမာရေးဆရာမကြီးဒေါ်လှသိန်းယဉ်နှင့် ဦးစီးအရာရှိ(သွားကျန်းမာ) ဒေါက်တာမေသီရိမှ သွားကျန်းမာရေးနှင့်ခံတွင်းကင်ဆာ၊   ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာ‌‌ရေးအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့အား ပညာပေးဟောပြောခဲ့သည်။

ထို့နောက် Snellen Chart ဖြင့် ကျောင်းအ‌ခြေပြုပဏာမမျက်စိစစ်ဆေးခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များဖြည့်စွက်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဦးစီးအရာရှိ(သွားကျန်းမာ) ဒေါက်တာမေသီရိမှ After lunch tooth brushing activities ဆောင်ရွက်ပြီး သွားကျန်းမာရေးစစ်ဆေးကုသပေးခြင်းကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 တင်တင်ချို ( ပြန်/ဆက်)