ကန်ကြီးထောင့် ဇူလိုင် ၂၉
ဧရာဝတီတိုင်းတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာ သွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ မြို့မဈေးသစ်အတွင်းသို့ ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် မြို့မဈေးသစ်ကြီး (Steel Structure) အဆောက်အဦးအမျိုးအစားသည် (180’×112’×4’-4”) အရွယ်အစားရှိပြီး အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးတွင်တည်ရှိရာ နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုတို့ကြောင့် အဆိုပါ အဆောက်အဦးအတွင်းသို့ ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
ထိုသို့ ရေများဝင်ရောက်၍ နစ်မြုပ်မှုတို့ကြောင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ကဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဈေးရောင်းချသူများအား အမှတ် (၁) ရပ်ကွက်၊ ကမ်းနားဈေးသစ်လမ်းသို့ ယာယီရွှေ့ပြောင်းခဲ့ပြီး ဈေးရောင်းချသူများက ဈေးများအားဆက်လက် ရောင်းချလျက်ရှိကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)