ရပ်စောက်မြို့၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ကတိသစ္စာခံယူပွဲနှင့် ကျောင်းဆင်းပွဲစစ်ရေးပြအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီက ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် အရာရှိစစ်သည်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ၊ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပွဲတွင် ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းမှ သင်တန်း၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၁၁၃) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဌာနဆိုင်ရာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းတွင် စေတုတ္တရာမြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းမင်းဇင်၊ အတွင်းရေးမှူး ရဲမှူးဝင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဖြူးမြို့နယ်၌ ကျွဲ၊ နွားများအတွက်အကျိုးရှိသော ကောက်ရိုးအား ယူးရီးယားဖြင့် ပြုပြင်ပြောင်းလဲကျွေးမွေးနိုင်ရေး လက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျွဲ၊ နွားများအတွက် အစာအဖြစ် ကျွေးမွေးရာတွင် ကျွဲနွားများ ကိုယ်အလေးချိန်တိုးတက်စေခြင်း၊ မျိုးပွားမှုဆိုင်ရာကောင်းမွန်စေခြင်း၊ နို့စားနွားများ နို့ထွက်နှုန်းမြင့်မားစေခြင်းနှင့် အသားတိုးနွားများ အသားထွက်နှုန်းမြင့်မားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသောကောက်ရိုးအား ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း လက်တွေ့သရုပ်ပြသခြင်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၌ ကွင်းဆင်းလက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ရေရှည်တည်တံ့သော စိုက်ပျိုးရစနစ် နည်းပညာပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးကောင်းသောက်လယ်ယာမြေများဖြစ်ပြီး ရာသီအလိုက် သီးနှံမျိုးစုံထုတ်လုပ်လျက်ရှိရာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖြစ်စေရန်အတွက် ယမန်နေ့က နည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဒေသခံပြည်သူများ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ကျင်းပ

ပဲခူးမြို့၊ သီရိဥဿာဈေးရုံကြီးအပေါ်ထပ်၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဒေသခံပြည်သူများ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ကျင်းပ

ပဲခူးမြို့၊ သီရိဥဿာဈေးရုံကြီးအပေါ်ထပ်၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာ ကျောင်းပေါင်း (၂၇) ကျောင်း ယာယီပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းဝင်းအတွင်ရေများဝင်ရောက်ခြင်းနှင့် ကျောင်းသား/ သူများ ကျောင်းသွားရာလမ်းများ ရေကျော်ခြင်းတို့ကြောင့် အခြေခံပညာကျောင်းပေါင်း(၂၇)ကျောင်းအား ဇူလိုင်လ(၂၉)ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့ရသည်။
Subscribe to