ထန်းတပင် ဇူလိုင် ၂၉ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်းကို ယနေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြစ်ရေမြင့်တက်လာမှုကြောင့် ထန်းတပင်မြို့နယ်အတွင်းရှိ အ.မ.က (မော့သော့ကုန်း)၊ အ.မ.က(အပြင်သဲဖြူ)၊ အ.မ.က(တံတားဦး)၊ အ.မ.က(စာဖြူစု)၊ အ.မ.က(ပရွတ်)၊ အ.မ.က(ညောင်သာယာ)၊ အ.မ.က(အောက်ဘောလည်)၊ အ.မ.က(အေးမြို့)၊ အ.မ.က(ကြာမန်း)၊ အ.မ.က(တိုက်စု)၊ အ.မ.က(ပန်းတောလေး)၊ အ.လ.က(ခွဲ)သရက်ခြံ၊ မူလွန်(ညောင်ဆိပ်)၊ အ.ထ.က(ခွဲ)အတွင်းသဲဖြူ၊ အ.ထ.က(ဘောလည်)၊ မူလွန်ကွေ့တန်းရှည်၊ အ.ထ.က(လှည်းဆိပ်)၊ အ.မ.က(တော်လတဲ့)၊ အ.မ.က(ပန်သပွတ်)၊ အ.မ.က(ရေကျော်လေး)နှင့် အ.မ.က(ချောင်းဝ) အခြေခံပညာကျောင်း (၂၁) ကျောင်းနှင့် ဘက(အဂ္ဂပါရမီ)၊ ဘက(သီရီမင်္ဂလာကျိုက်ထီးရိုး)၊ ဘက(သာဓုဓမ္မ)နှင့် ဘက(ပုညကာရီ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်းတို့၏ ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ယာယီပိတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ရေဝင်ရောက်နေသော အဆိုပါကျောင်းများကို ရေပြန်လည်ကျဆင်းသည့်အထိ ယာယီပိတ်ထားပေးခြင်းဖြစ်ပြီး ကျောင်းပိတ်ရက်များကို ရေကျပြီးနောက် စနေနေ့များတွင် အစားထိုး၍ ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)