ဇီးကုန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေး ဟောပြော

ဇီးကုန်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သစ်ပင်စိုက်ပျိုး ပြုစု၊ ထိန်းသိမ်းရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အထက-ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမြင့်က အမှာစကားပြောကြားခဲ့ပြီး ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မိုးက မြန်မာနိုင်ငံ၏သစ်တောစိုက်ဧက အခြေအနေ၊ သစ်တောသစ်ပင်များမှ လူတို့အားအကျိုးပြုပုံ၊ သစ်တောသစ်ပင်အသုံးဝင်ပုံ၊ သစ်ပင်စိုက်ပျိုးပြုစုပုံအသေးစိတ်အား ရှင်းလင်းဟောပြောခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ သစ်တောဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ထို့နောက် သစ်တောဦးစီးအရာရှိနှင့်ဝန်ထမ်းများက သစ်ပင်စိုက်ပျိုးပုံကို လက်တွေ့ပြသခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျွန်း(၁၀)ပင်၊ ခရေ(၃)ပင်၊ ပျဉ်းကတိုး(၃)ပင်၊ ယမနေ(၁၀)ပင်၊ မန်ဂျန်သျှား(၂၉)ပင်၊ စုစုပေါင်းပျိုးပင်(၅၅) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)