ဟင်္သာတမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ၍ လူနေအိမ်များပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဆကာရပ်ကွက်၊ ကန်ပတ်လမ်းတွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၂၀)ပေခန့်၊ အမြင့် (၄၀)ပေခန့်ရှိ ကုက္ကိုပင်ပြိုလဲရာမှ လူနေအိမ်များပေါ်ပိ၍ နေအိမ်လေးလုံး ပျက်စီးခဲ့သည်။