ပုဗ္ဗသီရိမြို့တွင် တာဝန်ရှိသူများမှ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှု

ပုဗ္ဗသီရိ  ဇူလိုင် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ (၃)နာရီတွင် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲကျေးရွာရှိ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ စာကြည့်တိုက်များ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးကာ အုပ်ချုပ်ရေးမှူးရုံး၌ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပြီး စာကြည့်တိုက်အသစ် အမြန်ဆုံးတည်ဆောက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထများဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေးတို့ကို နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ သုတရသ စာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့်တိုက်တွင် လူငယ်လူရွယ်များအတွက် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးရေး၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရပ်ရွာပြည်သူများ၊ အလှူရှင်များနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေရေး၊ စာကြည့်တိုက်အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေရေး မှာကြားခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)