ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာသဖြင့် မူလနေအိမ် ပြန်လည်ပြောင်းရွှေ့သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ သောက်သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရွှေတောင် ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာသဖြင့် မူလနေအိမ်ပြန်လည်ပြောင်းရွှေ့သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ သောက်သုံးရေသန့်ရှင်းရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလိုရင်းဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာသဖြင့် မူလနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ သောက်သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ကြီးကြပ်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးနေ့စားဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅) အုပ်စုတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုများအား ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာသဖြင့် မူလနေအိမ် ပြန်လည်ပြောင်းရွှေ့မည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင်လည်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီဌာနမှ ကလိုရင်းဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)