ရွှေပြည်သာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ထမင်းဘူးများဝေငှ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ လူနေအိမ်များ ရေဝင်ရောက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စေတနာရှင်ပြည်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ပြည်သူများစားသောက်ရေးအဆင်ပြေစေရန် ထမင်းဘူးများကို ဝေငှပေးလျက်ရှိကြောင်း သိရသည်။