လယ်ဝေးမြို့နယ်အတွင်း ချောင်းရေကြီးမှုကြောင့် တံတားအချို့နှင့် အုတ်နံရံများ ပျက်စီးမှု​ဖြစ်ပွား

လယ်ဝေး ဇူလိုင် ၃၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ပလွေးချောင်းရေမြင့်တက်လာပြီး ကျေးရွာအချို့တွင် တံတားနှင့် အုတ်နံရံများ ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ပေတုံးမြောင်ကျေးရွာ- ဥသျှစ်လှိုင်း‌ကျေးရွာသွားလမ်း‌ပေါ်ရှိ ဂုဏ်မင်းမြောင်ရွာအနီးရှိ အလျား ၃၀ ပေ၊ အနံ ၁၂ ပေ၊ ‌အောက်ခံကွန်ကရစ်၊ သစ်သားခင်းတံတား တစ်စင်း၊ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၁၅၀၊ ဥသျှစ်လှိုင်းရွာအဝင် အလျား ၁၈ ပေ၊ အနံ ၁၅ ပေရှိ သစ်သားတံတားတစ်စင်း၊ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၅၀ နှင့် အ.ထ.က(ဥသျှစ်လှိုင်း) ကျောင်းအုတ်နံရံ၊ ၁၀‌ ပေခန်းနှစ်ခန်း၊ ခန့်မှန်းတန်ဖိုး ကျပ်သုံးသိန်းခန့် ပျက်စီးသွားပြီး လူ၊ တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဝေကြည်(ပြန်/ဆက်)