ပန်းတောင်းမြို့ ပေါ်တော်မူ(ရှင်ဖြူ)ဘုရားကြီး၏ အာရုံခံတန်ဆောင်းတွင် ဆွမ်းဆန်တော်များလှူဒါန်း

ပန်းတောင်း ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပေါ်တော်မူ(ရှင်ဖြူ)ဘုရားကြီး၏ အာရုံခံတန်ဆောင်းတွင် ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က သီလရှင်ဆရာကြီး(၂၅)ပါးအား ရေကြီးကာလအချိန်တွင် ဆွမ်းဆန်များအဆင်ပြေစေနိုင်ရန်အတွက် ဆွမ်းဆန်တော်များလောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူခြင်းကို ပေါ်တော်မူ(ရှင်ဖြူ)ဘုရားဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်မှဦးဆောင်၍ ဂေါပကအဖွဲ့ဝင်များက တစ်ပါးလျှင် ဆွမ်းဆန်တော်(၁)ပြည်၊ ကြက်ဥ(၅)လုံး၊ အလှူငွေ(၅၀၀ဝိ/)ကျပ်တို့ကို လောင်းလှူခဲ့ကြာင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)