မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်းရာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး မြန်အောင်မြို့နယ် မမြဖေါက်ချောင်း ကမ်းပါးကျိုးပဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကညွှတ်ကုန်းရွာအုပ်စု ကညွှတ်ကုန်းရွာအနီး တစ်မိုင်ကျော်ခန့်အကွာ မမြဖေါက်ချောင်း ကမ်းပါးကျိုးပဲ့သည့်နေရာအား ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် စိန်ပန်းပင်ကျေးရွာ၌ စက်ရေတွင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်ရေစင်ဆောက်လုပ်ပေးနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စိန်ပန်းပင်ကျေးရွာ ပြည်သူများ သောက်သုံးရေလွယ်ကူစွာသုံးစွဲနိုင်ရန် စက်ရေတွင်းနှင့် ရေဂါလံ ၂၄၀၀ ဆံ့ အမြင့်ရေစင်တစ်ခုကို ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပေးလျက်ရှိသည်။

ပုသိမ်မြို့၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲ၊ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကျင်းပ

၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ဖွင့်လှစ်ပေးသည်။

ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်တို့သည် သဲကုန်အုပ်စု၊သဲကုန်ကျေးရွာ Animal Shelter ရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ယမန်နေ့ကရောက်ရှိပြီး ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြကြောင်း သိရသည်။

မိုင်းတုံမြို့၌ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊‌ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

အမရပူရမြို့နယ် ထန်းတောကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ ရှင်စောပုဘုရားဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် စာသင်ကျောင်း (၁၇) ကျောင်း ပိတ်ထားရ

ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု ကြောင့် ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ယနေ့အထိ အခြေခံပညာကျောင်း (၁၇)ကျောင်း ပိတ်ထားရကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂ နာရီက သီရီသာသနာ့ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to