နတ်မောက် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်လျက်ရှိပြီး ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) ရှိ ကျောင်းသား/ ကျောင်းသူများအား ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန ဆရာမများမှ ကျောင်းသား/ သူများအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ အရပ်အမြင့် ပေတိုင်းတာခြင်းများဆောင်ရွက်ပေးပြီး သံချဆေးများတိုက်ကျွေး၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဝါးများ တိုက်ကျွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဆရာမဒေါ်ခင်စန်းတင့်က မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါအကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာများကို အခြေခံပညာ အလယ်တန်းကျောင်း (တမာပင်) ရှိ ကျောင်းသား/ သူများအား ဟောပြောဆွေးနွေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မူမူစန်း