မိုင်းခတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့မဈေးအတွင်း ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

မိုင်းခတ် ဇူလိုင် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နေ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေး (ဖုံး၊ သွန်၊ လဲ၊ ခပ်၊ စစ်) လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းများနှင့် ခြင်‌ဆေးဖြန်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့မဈေးအတွင်း ခြင်‌ဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဦးအားဝေနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ငှက်ဖျားတိုက်ဖျက်ရေးတာဝန်ခံ ဦးပေါင်ရှင်းမန်တို့က မြို့မဈေးပိတ်ချိန် ဈေးဆိုင်ခန်းတစ်ဝိုက် ခြင်ပေါက်ဖွားနိုင်သောနေရာများ၊ ခြင်ခိုအောင်းနိုင်သောနေရာများတွင် ခြင်ဆေးဖျန်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)