ကျိုင်းတုံ ဇူလိုင် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းကျော်သူက မြန်မာ့သန်းခေါင်စာရင်းသမိုင်းကြောင်း၊ ဝိသေသလက္ခဏာများ၊ သန်းခေါင်စာရင်းအသုံးဝင်ပုံအကြောင်းနှင့် ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေများ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်သန်းခေါင်းစာရင်းကော်မတီအဖွဲ့ဝင်များက ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)