မအူပင် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုနှင့် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၆) ကျောင်းကို ဇူလိုင် ၂၉ ရက်နေ့မှ စတင်၍ ခေတ္တပိတ်ထားရသည်။
မြစ်ရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၇)အုပ်စု၊ ကျေးရွာခွဲ (၂၃)ရွာရှိ အလယ်တန်း(ခွဲ)ကျောင်း (၁)ကျောင်း၊ မူလွန်ကျောင်း(၆)ကျောင်း၊ မူလတန်း (၁၈)ကျောင်းနှင့် မူလတန်း(ခွဲ)ကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၂၆)ကျောင်းအား (၂၉.၇.၂၀၂၄ မှ ၂.၈.၂၀၂၄) ရက်နေ့ထိခေတ္တပိတ်ထားရသည်။
အဆိုပါပိတ်ထားရသည့်ကျောင်းပိတ်ရက်များအတွက် အပတ်စဉ်တနင်္ဂနွေနေ့များတွင် ပြန်လည် အစားထိုးသင်ကြားပေးသွားမည်ဖြစ်ပြီး ရေဝင်ရောက်မှုကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)