ရွှေတောင်မြို့နယ် သဘာဝဘေးသင့်ဒေသများရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ တိရစ္ဆာန်အစာနုထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သဘာဝဘေးသင့်ဒေသများသို့ တိရစ္ဆာန်အစာနုထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

တာချီလိတ်မြို့ အောင်မြေစကြာ ဓမ္မာရုံတော်ကြီးတွင် သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါလျှံရပ်ကွက်ရှိ အောင်မြေစကြာဓမ္မာရုံတော်ကြီးတွင် သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၊ ပရိယတ္တိဗိမာန်စာ‌ဖြေဆောင် ခြံစည်းရိုးအုတ်တံတိုင်းကာရံနိုင်ရေးအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပရိယတ္တိဗိမာန်စာဖြေဆောင် ခြံစည်းရိုးအုတ်တံတိုင်းကာရံနိုင်ရေးအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်တွင် တိရစ္ဆာန်အစာအဖြစ် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း လက်တွေ့သရုပ်ပြသ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပေါများစေရန် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်းသရုပ်ပြသပွဲကို ယမန်နေ့နံနက်ပိုင်းက ကျုံကဒတ်ကျေးရွာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာ​စောင်များ ​ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ​ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်၊ စာ​စောင်များ​ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ်၌ ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆန်ဖိုးငွေ၊ ကြက်ဥများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြို့နယ်၏ အန္တရာယ်ရေ အမှတ်ဖြစ်သည့် (၂၄) ပေထက် ကျော်လွန်၍ မြစ်ရေများ အဆက်မပြတ် တိုးနေသဖြင့် ဇူလိုင်လ ၂၅ ရက်မှစပြီး ယာယီကယ်ဆယ်ရေးစခန်းသုံးခုသို့ ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စု (၁၁၀)စုတို့မှ လူဦးရေ(၅၂၇)ဦးတို့အား တစ်ဦးလျှင် တစ်ရက်စာအဖြစ် ဆန်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာ အတွက် စုစုပေါင်း (၃၉,၂၇၀၀၀/-)တန်ဖိုးရှိ ဆန်(၂၂)ပြည်ဆံ့ (၄၁)အိတ်နှင့် (၁၈)ပြည်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ယာယီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားပေးကြောင်း သိရသည်။
Subscribe to