ရွှေပြည်သာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ထမင်းဘူးများဝေငှ

ရွှေပြည်သာ  ဇူလိုင်  ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ လူနေအိမ်များ ရေဝင်ရောက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စေတနာရှင်ပြည်များ၊ လူမှု‌ရေးအသင်းအဖွဲ့များမှ ပြည်သူများစားသောက်ရေးအဆင်ပြေစေရန် ထမင်းဘူးများကို ဝေငှပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထမင်းဘူးများနှင့် သောက်ရေသန့်များပေးဝေခြင်းကို ယမန်နေ့၌ အမှတ်(၂၀)ရပ်ကွက်ရှိ ပြည်သူများအား ထမင်းဘူး(၅၅၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်များမှ ဝေငှခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)