ကော့သောင်း ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ အ-ထ-က(ခွဲ)၊ အ-လ-က(၁) အဏ္ဏဝါကျောင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ကလေးသူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းစိုးက အမှာစကားပြောကြားပြီး ကော့သောင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက ကလေးသူငယ်အခွင့်ရေးများဆိုင်ရာဥပဒေပါ ကလေးများ၏ အခွင့်အလမ်းများ၊ အကြမ်းဖက်မှုခံရမည့်အခြေအနေနှင့် ကြုံတွေ့လာပါက ကာကွယ်ရန် နည်းလမ်းများ၊ ကလေးများစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)