ရေကြည် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သောင်ကြီးကျေးရွာအုပ်စုနှင့် ရေနံ့သာ ကျေးရွာအုပ်စုရှိ ပုသိမ်-မုံရွာ ကားလမ်းဘေး ဝဲ၊ ယာတွင် တိရစ္ဆာန်များ ရေဘေးပြောင်းရွှေ့မှုတို့အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ ကျုံပျော် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာထွန်းမင်းနှင့်အဖွဲ့သည် နွားစာ (50Kg)အိတ် ၂၀ အား တိရစ္ဆာန်ပိုင်ရှင်များထံသို့ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ ကျုံပျော်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာထွန်းမင်းနှင့်အဖွဲ့သည် သောင်ကြီးကျေးရွာအုပ်စုနှင့် ရေနံ့သာကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းဘေး ဝဲ/ယာရှိ ရေဘေးရွှေ့ပြောင်း တိရစ္ဆာန်များအတွက် နွားစာ (50Kg)အိတ် ၂၀ အား နွားကောင်ရေ ( ၁၁၇ )ကောင်ရှိ ပိုင်ရှင်(၂၇) ဦးလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မေသန့်ဇင်(ပြန်/ဆက်)