ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကျောင်းကုန်း ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်တို့သည် သဲကုန်အုပ်စု၊သဲကုန်ကျေးရွာ Animal Shelter ရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ယမန်နေ့ကရောက်ရှိပြီး ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရေဘေးရှောင်ပြည်သူများကို အားပေးစကားပြောကြားကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှု အားပေးခဲ့ပြီး၊ ရေဘေးရှောင် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးတို့အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)