တပ်ကုန်းမြို့နယ် စိန်ပန်းပင်ကျေးရွာ၌ စက်ရေတွင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်ရေစင်ဆောက်လုပ်ပေးနေ

တပ်ကုန်း ဇူလိုင် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စိန်ပန်းပင်ကျေးရွာ ပြည်သူများ သောက်သုံးရေလွယ်ကူစွာသုံးစွဲနိုင်ရန် စက်ရေတွင်းနှင့် ရေဂါလံ ၂၄၀၀ ဆံ့ အမြင့်ရေစင်တစ်ခုကို ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပေးလျက်ရှိသည်။

စက်ရေတွင်း၊ ရေစင်နှင့် ဆက်စပ်လုပ်ငန်းတည်ဆောက်ရေးကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်း ကြီးကြပ်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူတည်ဆောက်ပြီး၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၄ ဒသမ ၃၈ သန်းဖြင့် ဆောင်ရွက်လျက်ရှိ၍ စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောက်လုပ်ပြီးစီးသွားပါက စိန်ပန်းပင်ကျေးရွာမှ အိမ်ခြေ ၁၇၀ အိမ် လူဦးရေ ၆၀၀ ကျော်အတွက် သန့်ရှင်းသော သောက် သုံးရေများ လုံလောက်စွာ ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်