မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဌာနဆိုင်ရာများအနေဖြင့် မိမိနှင့်မိမိဌာနလုံခြုံရေးကို အထူးအလေးထားဆောင်ရွက်စေလိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင်လည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ စိုက်ပျိုးရာသီဖြစ်သည့်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ‌ရေးအဖွဲ့တွင်ပါဝင်သော ဌာနများအနေဖြင့် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ တောင်သူလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ သတ်မှတ်ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်ထွက်နှုန်းရရှိစေရေး၊ စိုက်ပျိုးရေးစရိတ်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး၊ လယ်ယာမြေများကို အခြားနည်းသုံးစွဲမှုမရှိစေရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေရရှိရေး ဆောင်ရွက်ပေးရန်၊ မြို့နယ်အတွင်း ကုန်ဈေးနှုန်းမှန်ကန်စွာရောင်ချနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေရေး ရေဝပ်ကျောင်းများသန့်ရှင်းရေးကို ရပ်/ကျေး အုပ်ချုပ်ရေးမှုးများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်စသည်ဖြင့်  ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)