မင်းတုန်း ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ယမန်နေ့ညနေပိုင်းမှစ၍ မင်းတုန်းချောင်းရေ မြင့်တက်လာမှုကြောင့် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ တံတား (ရ) ရွာ၊ ဇီးတောရွာ၊ သစ်ဆိမ့်ပင်ရွာ၊ မင်းရွာကိုင်းရွာနှင့် ဘူးတောင်း(ရ) ကျေးရွာ မြေနိမ့်ပိုင်းများသို့ ရေများဝင်ရောက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ လူနှင့် တိရစ္ဆာန်များ ရွှေ့ပြောင်းပေးရမှု မရှိသေးကြောင်း သိရသည်။
ထိုသို့ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းတုန်းချောင်း၊ မူးချောင်း၊ ရူချောင်း၊ ပဲမြောက်ချောင်းနှင့် လွှာချောင်းတို့ ချောင်းရေများ မြင့်တက်လာပြီး ချောင်းဘေး တစ်လျှောက်ရှိ ကျေးရွာများမှ ချောင်းဘေး ကိုင်းမြေပေါ်တွင် စိုက်ပျိုးထားသော မိုးသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်ရာ ကျေးရွာအုပ်စု(၄၄)အုပ်စုရှိ နှမ်းသီးနှံ(၃၃၅၄)ဧက၊ စပါး(၉၄)ဧက၊ ဖူးစားပြောင်း(၇၂)ဧက၊ မြေပဲ(၂၀၃)ဧက၊ နေကြာ(၃၁၁)ဧက၊ မတ်ပဲ(၅)ဧကနှင့် ဟင်းသီးဟင်းရွက်(၆၆)ဧက စုစုပေါင်း (၄၁၀၅)ဧက ရေကြီးနစ်မြုပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)