ကာလိ ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ တင်းလီဈေး(သစ်)တွင် လာရောက်ခိုလှုံနေသည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁၃၇)စုအတွက် ကွန်ဟိန်းမာရီစတုပ်(စ်)စင်တာမှ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က တင်းလီဈေး(သစ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်သန်းနှင့် ဝန်ထမ်းများ၊ ကွန်းဟိန်းမာရီစတုပ်(စ်)စင်တာမှ ဆရာနိုင်ဝင်းထွဋ်နှင့် အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁၃၇)စုအတွက် ဆန်၊ အဝတ်များ၊ စောင်၊ ခြင်ထောင်၊ မီးသီးများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိုးကာများ၊ သောက်ရေသန့်ဘူးများ၊ ရေပုံးများ၊ ရေချိုပစ္စည်းများ၊ သွားတိုက်ဆေး၊ သွားတိုက်တံများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကာလိ(ပြန်/ဆက်)