ကဝမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာတွင် ဇူလိုင်လ (၂၇) ရက်နေ့က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်းနှင့် အမိုးလန်ပျက်စီးခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် (၃၁) ရက် မွန်းတည့် (၁၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။