မိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ တပ်နယ်မှူးဒိုင်းဘော်လီဘော (ကျား/မ)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံအခြေချစစ်ဗျူဟာဝန်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ယမန်နေ့ညနေ(၄:၁၅)အချိန်က တပ်နယ်မှူးဒိုင်းဘော်လီဘော (ကျား/မ) ပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားသို့ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ထင်ကျော်နှင့် တပ်နယ်အတွင်းရှိ စစ်သည်/ရဲမေများ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။