ကျိုက်လတ် မြို့မဈေးကြီးအတွင်း အသား၊ ငါးများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော အသား၊ ငါးဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိ၊ မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသည့် အမဲသား၊ ဆိတ်သား၊ ဝက်သား ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ၊ မရှိ၊ ငါး၊ ပုစွန်များ ရောင်းချရာတွင် သန့်ရှင်းလတ်ဆတ်မှု ရှိ၊ မရှိ၊ အလေးချိန်ခွင် မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခြင်းများ နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက်(၇)ချက်ကို လိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြပြီး နောင်တွင်စစ်ဆေးတွေ့ရှိပါက စားသုံးသူရေးရာ ဥပဒေဖြင့် အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)